Pages

Pages

မင်းပြားမြို့၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးကျင်းပ



MNP - မေ   ၂၇


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံခြင်းကို မေ ၂၆ ရက် နံနက် ၉ နာရီအချိန်က စတင်ပြီး မင်းပြားမြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်ရာ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိရန် ပညာရေးကဏ္ဍ တိုးတက်အောင်မြင်ရေးအတွက် ကျောင်းနေအရွယ် ကလေးများပညာရေးကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ အခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြောင်းလဲတိုးတက်သော ပညာရေးစနစ်ကို ဆောင်ရွက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်များနှင့် မင်းပြားမြို့နယ် ပညာရေးမှူးရုံးမှ ထောက်ပံ့ပစ္စည်း ကျောင်းလွယ်အိပ်၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေးအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သိန်းနုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment