တောင်တွင်းကြီးမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


MNP - မေ  ၂၇


မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်အထက်ရှိပြီး၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်း (၆)လပြည့်ပြီးသည့် မြို့နယ်နေပြည်သူများအား ယနေ့နံနက် (၉)နာရီမှစ၍ ဂုံညင်းတန်းအုပ်စု၊ ကြမ်းကြားကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်(၁၈)နှစ်အထက်ရှိသည့် မြို့နယ်‌အတွင်းရှိ ပြည်သူများအား ကိုဗစ်- ၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးအဖြစ် (Astrazeneca)ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်‌ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းနှင့် တာဝန်ရှိသူများမှအနီးကပ်ကြီးကြပ်၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - နိုင်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)