ဂွမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများဆောင်ရွက်






MNP ၊ မေ ၂၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် ဂွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများကို မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ အခမဲ့ စတင် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဂွမြို့နယ်၌ အ.ထ.က(၁၀)ကျောင်း၊ အ.ထ.က-ခွဲ(၂)ကျောင်း၊ အ.လ.က(၈)ကျောင်း၊ အ.လ.က-ခွဲ (၁၅)ကျောင်း၊ မူ/လွန် (၂၁)ကျောင်း၊ အ.မ.က (၇၃)ကျောင်းနှင့် အ.မ.က-ခွဲ (၁၁)ကျောင်း စုစုပေါင်း (၁၄၀)ကျောင်း၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ အခကြေးငွေတစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံစသည်တို့အပြင် သူငယ်တန်းမှ ပဉ္စမတန်းအထိ ကျောင်းဝတ်စုံ(၁)စုံတို့ကို နိုင်ငံတော်က ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)