Pages

Pages

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံ ပညာ ကျောင်းများနှင့် မြို့နယ်ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက် တပ်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေး




MNP - မေ  ၂၈


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်(၁၀) နာရီခွဲအချိန်က  ဘက်ရဲမြို့အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းတန်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ဘက်ရဲမြို့အခြေခံပညာအထက်တန်း ကျောင်းအုပ် ဆရာကြီးဦးခိုင်မျိုးဇင်နှင့်ဆရာ/ ဆရာမများ၊ ကျောင်းကော်မတီအဖွဲ့များ၊ ကျောင်းသားမိဘများကကြိုဆိုခဲ့ကြသည်။


ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘက်ရဲမြို့အခြေခံပညာ အထက်တန်းကျောင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ ကျောင်းအုပ်ဆရာကြီးမှ၂ ၀၂၂-၂၀၂၃ကျောင်းအပ် လက်ခံဆောင်ရွက်မှု အခြေ အနေနှင့် ကျောင်းတွင်းလိုအပ်ချက်များကိုတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ပါသည်။


ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့(အမှတ်-၁) အခြေခံပညာအထက်တန်း ကျောင်းသို့ရောက်ရှိရာ မြို့နယ်ပညာရေးမှုးဦးအေးထွန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်နှင့် ဆရာ/ဆရာမများ  ၊  ကျောင်းကျန်းမာရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ကြိုဆိုကြပြီး  (အ ထ က -၁) ကျောင်းရှိစာသင်ခန်းများနှင့် စာသင်ခုံများပြည့်စုံမှုရှိရေး၊ ယခုနှစ် ကျောင်းအပ် လက်ခံမှု အခြေအနေများ၊  ကျောင်းမဖွင့်မှီကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့် လုပ်ငန်းများအား ဝန်ကြီးချုပ်မှ ကြည့်ရှုစစ်ဆေး မှာကြားခဲ့ပြီးနောက် ၊ဆက်လက် ထွက်ခွာလာရာ ဝန်ကြီးနှင့်အဖွဲ့သည်မြို့နယ်ပြည့်သူ့ဆေးရုံသို့ရောက်ရှိပြီး  မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေး ဦးစီးမှူးဒေါက်တာဝင်းနိုင်နှင့် အဖွဲ့မှကြိုဆို ခဲ့ကြပြီး မြို့နယ်ပြည်သူ့ ဆေးရုံရှိ Oxygen Plant လည်ပတ်မှုအခြေအနေနှင့် ထွက်ရှိသည့်နှုန်းအား ကြည့်ရှု့စစ်ဆေးခြင်း၊ ဓာတ်ခွဲခန်းပြင်ဆင်ထားရှိမှုအား ကြည့်ရှု့ပြီး လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ပြီးနောက် နေ့လည် ၁၁ ချိန်တွင် မြန်အောင်မြို့သို့ဆက်လက်ထွက်ခွာ သွားကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment