၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး လှုံ့ဆော်မြေစိုက်ပိုစတာ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး လှုံ့ဆော်မြေစိုက်ပိုစတာ စိုက်ထူ



MNP - မေ  ၁၉


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင်  "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ "ကျောင်းအပ်နှံကြပါစို့῍ ဆောင်ပုဒ်ဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် လှုံ့ဆော်မြေစိုက် ပိုစတာစိုက်ထူပွဲကို ယနေ့ နံနက် ၉ နာရီက ရုံးလမ်း ၊သဲကုန်းမြို့မ ရဲစခန်းရှေ့၌ ကျင်းပသည်။


ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးခင်မောင်အေးနှင့် အဖွဲ့ဝင် ဦးဟန်အေး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်စိုး၊ မြို့နယ်ပညာရေးမှူး ဦးဌေးဝင်းနှင့် တာဝန်ရှိသူများက လှုံ့ဆော်မြေစိုက် ပိုစတာဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပတ်ဖြန်း၍ မြေစိုက်ပိုစတာအား စိုက်ထူးပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင့်နန္ဒာဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)