ကျုံပျော်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး




MNP - မေ   ၁၉


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများ၏ စိုက်ပျိုးရေး သွင်းအားစုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် နှစ်စဉ်စိုက်ပျိုးစရိတ် ချေး‌ငွေများကို ထုတ်ချေးပေးလျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို တေဇရပ်ကွက်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မေလ ၁၉ ရက် နံနက် ၁၀ နာရီက စတင်ထုတ်ချေး‌ပေးခဲ့‌ကြောင်း သိရသည်။


စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး၊ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက တောင်သူများ စိုက်ပျိုးရာသီချိန်တွင် သွင်းအားစု လုံလောက်၍ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အတိုးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ တောင်သူများကလည်း မိမိတို့၏ ချေးငွေများကို သတ်မှတ်ရက်များတွင် ပြန်လည်ပေးဆပ်ကြရန် တိုက်တွန်းပါကြောင်းနှင့် စားသုံးဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးထုတ်လုပ်မှု ပိုမိုဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်သီတာသွင်နှင့် တာဝန်ရှိသူတို့က ဓ‌နော်ကျေးရွာအုပ်စုရှိ တောင်သူ (၂၄)ဦး၏ လယ်ဧက (၁၈၁)ကအတွက် ၁ ဧကလျှင် ကျပ် (၁၅၀၀၀၀)နှုန်းဖြင့် ငွေကျပ် (၂၇၁)သိန်း (၅)သောင်းအား ထုတ်ချေးပေးခဲ့ကြောင်းနှင့် အတိုးနှုန်းမှာ တစ်နှစ်လျှင် (၅)ရာခိုင်နှုန်းဖြစ်‌ကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)