Pages

Pages

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၁-၂၀၂၂ ပညာသင်နှစ် (၂၈) ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက် အခမ်းအနားကျင်းပ


MNP ၊ မေ ၂၅     

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၁-၂၀၂၂ ပညာသင်နှစ် (၂၈) ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက်အခမ်းအနားကို ယမန်နေ့က သရဖီဆောင် အနုပညာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာ ကေသီထွေးက မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါ်ဌေးဌေးဆွေ၊ စီမံရေးရာဌာန၊ စာပေပညာဌာန၊ ဂီတပညာဌာန၊ သဘင်ပညာဌာန၊ ပန်းချီပညာဌာန၊ ပန်းပုပညာဌာနတို့က ပါမောက္ခ/ ဌာနမှူးများ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ တွဲဖက်ပါမောက္ခနှင့် စာကြည့်တိုက်မှူးတို့က ဌာနအလိုက် ဘာသာရပ်ဆိုင်ရာများကို မိတ်ဆက်ပြောကြားသည်။

မွန်းလွဲပိုင်းတွင် မောင်မယ်သစ်လွင်ကျောင်းသား ကျောင်းသူများသည် ကုမုဒြာဆောင်ရှိ ဂီတ ပညာဌာနနှင့် သဘင်ပညာဌာနသို့ လည်းကောင်း၊ ကံ့ကော်ဆောင်ရှိ ပန်းချီပညာဌာနနှင့် ပန်းပုပညာ ဌာနသို့လည်းကောင်း သွားရောက်လေ့လာကြရာ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက်ကြသည်။

တက္ကသိုလ် မိတ်ဆက်အခမ်းအနားကို မေ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး “သတင်းအမှန်ပြည်သူ့ထံ ပညာပေးဟောပြောပွဲ” နှင့် သဇင်ဆောင်ရှိ စာပေပညာဌာန၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနတို့သို့ သွားရောက်လေ့လာကြမည်ဖြစ်သည်။ မေ ၂၆ ရက်တွင် အနုပညာဌာနအသီးသီးမှ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ တက္ကသိုလ်မောင်မယ်ရွေးချယ်ခြင်း၊ ဆုချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment