Pages

Pages

တံတားဦးမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၂၀)ဦးမှ Booster Dose ကာကွယ်ဆေးလာရောက်ထိုးနှံ

MNP - မေ   ၂၄


ကျောကင်ဆည်ခရိုင် တံတားဦးမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  First Doses ၊ Second Dosesနှင့်  အပိုဆောင်းကာကွယ်ဆေး Booster Doses များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအညီ ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင်  Booster Dose အပိုဆောင်းကာကွယ်ဆေးလာရောက်ထိုးနှံသူ (၂၀)ဦးတို့အား တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများထိုးနှံပေးကြသည်။ ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါကလည်းနာရီဝက်ခန့် စောင်ကြည့်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း တစ်ဦးထံမှ သိရသည်။


တံတားဦးမြို့နယ်တွင် ယနေ့၌ ကာကွယ်ဆေးထိုးနှံပေးရာတွင်  phase -9  Second Doses (Astra Zeneca) ထိုးနှံသူ (၅၀)ဦး၊ First Doses (Sinovac) ထိုးနှံသူ (၂၀)ဦး Booster Dose (Covaxin) ထိုးနှံသူ (၂၀)ဦးထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှသိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment