Pages

Pages

အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster ကွင်းဆင်းထိုးနှံပေး

 


MNP - မေ   ၂၆


ရန်ကုန်အနောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် ဦးတည်အုပ်စုများအလိုက် ကွင်းဆင်းထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် အောက်ကြည့် မြင်တိုင် လမ်းပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းမှ ဝန်ထမ်းများအား ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၈နှစ်အထက် လျှပ်စစ်ဝန်ထမ်းများ ၃၄၄ ဦးအား ထပ်ဆောင်း ကာကွယ်ဆေး (Booster) အဖြစ် Aztra Zeneca ကာကွယ်ဆေးကို  ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။


ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ (၂၅၇၈၅)ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ (၂၄၇၈၆) ဦးနှင့် Booster ထိုးနှံပြီးသူ (၄၅၄၈))ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - တင်တင်ချို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment