ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူ (၂၀၆)ဦးအား Booster(Astra Zeneca) ကာကွယ်ဆေးများထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူ (၂၀၆)ဦးအား Booster(Astra Zeneca) ကာကွယ်ဆေးများထိုးနှံပေး



MNP - မေ  ၂၇


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် အသက်(၄၀)အထက် ပြည်သူများအား တတိယအကြိမ် Booster အပိုဆောင်းကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းတွင်ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် တတိယအကြိမ် Booster အပိုဆောင်းကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျား(၈၀)ဦး၊ မ(၁၂၆)ဦး စုစုပေါင်း(၂၀၆)ဦးတို့အား နဂါးပျံစက်ရုံစုရပ်တွင် ကျန်းမာရေးဆရာမ သူနာပြု အဆင့်-၁ ဒေါ်ခင်မာကြူနှင့်အဖွဲ့က ကျေးရွာအရောက် ထိုးနှံပေးခဲ့ပါသည်။


ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)