MNP - မေ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၃.၉၀၀) ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက်၊ မြတ်လေးလမ်း၌ (Box Culvert) တံတား(၁)စင်း ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အမှတ်(၄)ရပ်ကွက် မြတ်လေးလမ်းတွင် ဆောက်လုပ်လျက်ရှိသည့် (Box Culvert) တံတား(၁)စင်းမှာ အလျား(၂၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၂)ပေဖြစ်ပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - သန်းထွန်းနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment