Pages

Pages

ကျိုက်ဒုံမြို့၊ သီတာလမ်း၌ (Box Culvert) တံတား(၁)စင်း ဆောက်လုပ်

 



MNP - မေ   ၂၅


ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ လမ်းပေါ်၌ရေများ တင်ကျန်မှုမဖြစ်ပေါ်စေရေးနှင့် ရေ စီးရေလာကောင်းမွန်စေရေးအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃)ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြု ရန်ပုံ ငွေ (၃.၉၀၀) ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက်၊ သီတာလမ်း၌ (Box Culvert) တံတား(၁)စင်းဆောက်လုပ်ခြင်း လုပ် ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ အမှတ်(၄)ရပ်ကွက် သီတာလမ်းတွင် ဆောက်လုပ်လျက်ရှိသည့် (Box Culvert) တံတား (၁)စင်းမှာ အလျား(၂၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၂)ပေဖြစ်ပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ -(၂)ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - သန်းထွန်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment