သမ္မတရှီ၏ BRICS ရုပ်သံမိန့်ခွန်းက ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားဖြစ်ကြောင်း ပညာရှင်များ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမ္မတရှီ၏ BRICS ရုပ်သံမိန့်ခွန်းက ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားဖြစ်ကြောင်း ပညာရှင်များ ပြောကြား





ပေကျင်း ၊ မေ ၂၂ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က BRICS နိုင်ငံများအား အားလုံးအတွက် ကမ္ဘာ့လုံခြုံရေးအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် မေ ၁၉ ရက် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲ၌ ရုပ်သံမိန့်ခွန်းတစ်ရပ် ပြောကြားရာတွင် တိုက်တွန်းခဲ့သည်။သမ္မတရှီ၏ အဓိပ္ပာယ်ရှိသော မိန့်ခွန်းက ဖွံ့ဖြိုးမှု နှင့် တိုးတက်မှု၏ အင်အားကြီးမားသော စွမ်းအား ၊ BRICS ပူးပေါင်းဆောင်ရွက်မှုအတွင်းသို့ တွန်းအားသစ် လောင်းထည့်ခြင်း ၊ နောက်ထပ် ဖွံ့ဖြိုးဆဲနိုင်ငံများ ၊ ထွန်းသစ်စဈေးကွက်များ နှင့်အတူ ဆွေးနွေးမှု နှင့် ဖလှယ်မှုများ ၊ လူသားများအတွက် ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု တည်ဆောက်ရေးတို့အား စုစည်းခိုင်မာစေခဲ့ကြောင်း ကမ္ဘာတစ်ဝှမ်းရှိ ပညာရှင်များက ပြောကြားခဲ့သည်။

သမ္မတရှီ၏ မိန့်ခွန်းသည် အရေးကြီးပြီး အဓိပ္ပာယ်ရှိကြောင်း နှင့် BRICS နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မှု နှင့် လုံခြုံရေးအပေါ်တွင် တူညီသောအမြင်များဖြင့် အခြားနိုင်ငံများနှင့် ပေါင်းစည်းနိုင်ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ၏ အရှေ့ဖျားလေ့လာရေးအဖွဲ့အစည်း ရုရှား-တရုတ် ဆက်ဆံရေး လေ့လာမှု နှင့် မှန်းဆမှုစင်တာ၏ သုတေသနပညာရှင်ခေါင်းဆောင် Vladimir Petrovsky က ပြောကြားခဲ့သည်။

နယူးဒေလီအခြေစိုက် Jawaharlal Nehru တက္ကသိုလ်ရှိ တရုတ် နှင့် အရှေ့တောင်အာရှ လေ့လာရေးစင်တာ၏ ဥက္ကဋ္ဌ B. R. Deepak က ငြိမ်းချမ်းရေးလိုအပ်မှု ပြနေခြင်း ၊ အုပ်ချုပ်ရေး လိုအပ်မှုပြနေခြင်း ကိစ္စများအား ဖြေရှင်းခြင်း နှင့် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုအား ကြိုးပမ်းခြင်း ဖြစ်သည့် အားလုံးအတွက် ကမ္ဘာ့လုံခြုံရေးအသိုက်အဝန်းတစ်ခု တည်ဆောက်ခြင်း အမြင်သဘောထားသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၎င်းတို့၏ အများလက်ခံနိုင်မှုကို မုချဧကန်တွေ့လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

BRICS နိုင်ငံများ နှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အပြန်အလှန်နားလည်မှု နှင့် ယုံကြည်မှုကို တိုးမြှင့်နိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုကို ကြီးမားအောင် ပြုလုပ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ Far Eastern Federal တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး တွဲဖက်ပါမောက္ခ Andrey Gubin က BRICS နိုင်ငံများအတွက် ထိပ်တိုက်ရင်ဆိုင်မှု နှင့် ကန့်သတ်ထိန်းချုပ်မှုဆိုင်ရာ ရည်မှန်းချက် ပန်းတိုင်များ မရှိဘဲ အချင်းချင်းဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ခြင်း ယုတ္တိဗေဒသာ ရှိကြောင်း ပြောကြားခဲ့သည်။

BRICS လုပ်ထုံးလုပ်နည်းသည် တစ်ဖက်စောင်းနင်းဖွံ့ဖြိုးတိုးတက်မှု ပြဿနာများ ၊ အရင်းအမြစ်များ လျော့ပါးစေခြင်း ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း ၊ ရာသီဥတုပြောင်းလဲခြင်း ၊ အန္တရာယ်ရှိသော ရောဂါများ ပျံ့နှံခြင်း နှင့်ပတ်သက်၍ အဓိကထားနိုင်ခြေ ရှိမည်ဖြစ်ကြောင်း ၊ ယင်းအား ကမ္ဘာ့အသိုင်းအဝိုင်း၏ ကြိုးပမ်းမှုများဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပေကျင်းနိုင်ငံခြားလေ့လာရေးတက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်သူ Zhang Zhizhou က သမ္မတရှီသည် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးက ခေတ်ကာလ၏ မပြောင်းလဲသောဆောင်ပုဒ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ၎င်း၏ မိန့်ခွန်းတွင် ညွှန်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။

ထွန်းသစ်စဈေးကွက် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်မှုသည် ဘုံလုပ်ငန်းတာဝန်တစ်ခု ဖြစ်ကြောင်း ၊ ယင်းမှာ ယခင်ကထက် အန္တရာယ် နှင့် စိန်ခေါ်မှုများ ပိုမိုရင်ဆိုင်နေရကြောင်း ၎င်းက ပြောကြားခဲ့ပြီး BRICS နိုင်ငံများသည် စည်းလုံးညီညွှတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အသစ်တိုးတက်ဖြစ်ပေါ်မှု နှင့် အခြေအနေ တိုးတက်လာမှုအား ဆက်လက်မြင့်တင်ရန် လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဆောပိုလိုပြည်နယ်တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်သူ Luis Antonio Paulino က ရှီ အလေးပေးပြောကြားသည့် BRICS နိုင်ငံများသည် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအား ခိုင်မာစေရန် နှင့် နောက်ထပ် ထွန်းသစ်စဈေးကွက် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဖြင့် ဆွေးနွေးမှုများ နှင့် ဖလှယ်မှုများအား ချိတ်ဆက်မိစေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့ကမ္ဘာကြီးသည် အလွန်ကြီးမားသောစိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောကြားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများအနေဖြင့် အခက်အခဲများအား ကျော်လွှားပြီး အသစ်တိုးတက်ဖြစ်ပေါ်မှု နှင့် အခြေအနေ တိုးတက်လာမှုအား ဖန်တီးရန် အတူတကွလုပ်ဆောင်ရန် လိုအပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)