မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေးအတွက်ဋ္ဌာန ဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ အမှိုက်Campaingပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေးအတွက်ဋ္ဌာန ဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ အမှိုက်Campaingပြုလုပ်






MNP - မေ  ၂၁


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရှိယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရေးအတွက် သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန်ရည်ရွယ်၍ ခရိုင်/မြို့နယ် အဆင့်ဋ္ဌာန ဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီအချိန်က အလယ်ဈေးရပ်ကွက် သကျမာရဇ်အောင် စေတီတော်ကြီး ဘေးပတ်လည်တွင်အမှိုက် Campaing ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ ရှေ့ တန်းအမှတ် (၅၅) ခြေလျင်တပ်မဋ္ဌာနချုပ်မှ တပ်မမှူးဗိုလ်မှုးချုပ် ဇော်မျိုးဝင်းဦးဆောင်၍ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီး တင်ထူး လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များနှင့် မြို့နယ်မီးသတ်ဦးစီးဋ္ဌာနမှ မီးသတ်တပ်ဖွဲ့ ဝင်များခရိုင်/ မြို့နယ် အဆင့်ဋ္ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ပြည်သူများတို့ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။


မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်တော်များ အေးချမ်းသာစွာလည်ပတ်နိုင်ရန်နှင့် ယူနစ်စကိုဝင် ရောက်နိုင်ရန်အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အလယ်ဈေးရပ်ကွက် သကျမာရဇ်အောင်စေတီတော်ကြီး ဘေးပတ်လည်တွင် အမှိုက်များ ကောက်ယူခြင်း၊ ခြုံနွယ်ပိတ် ပေါင်းများနှင့်ပေါင်းမြက်များအားစု ပေါင်းခုတ်ထွင် ရှင်းလင်းခဲ့ကြ ပြီးနောက် မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့် ရှင်းရေးပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မြင့်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)