Colombo Plan Staff College for Technician Education (CPSC) မှ Online In-Country Program on Developing Modern TVET Curriculum သင်ကြားရေးအစီအစဉ်၏ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Colombo Plan Staff College for Technician Education (CPSC) မှ Online In-Country Program on Developing Modern TVET Curriculum သင်ကြားရေးအစီအစဉ်၏ ဖွင့်ပွဲအခမ်းအနားကျင်းပ


MNP ၊ မေ ၃၀

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Colombo Plan Staff College for Technician Education (CPSC)တို့ ပူးပေါင်း၍ In-Country Program on Developing Modern TVET Curriculum သင်ကြားရေး အစီအစဉ်၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။


အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ CPSC မှ ညွှန်ကြားရေးမှူးချုပ် Prof. G.L.D Wickramasinghe နှင့် ဖိလစ်ပိုင်နိုင်ငံရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ သံရုံးတာဝန်ခံ ဦးအောင်ကျော်ဦးတို့က အမှာစကားများ ပြောကြားပြီး ဦးစီးဌာနနှင့် CPSC တို့၏ Video များ ပြသခဲ့ကြသည်။


အဆိုပါ Developing Modern TVET Curriculum သင်ကြားရေး အစီအစဉ်အား ဦးစီးဌာနရှိ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ ဘာသာရပ်ခေါင်းဆောင်များနှင့် အဖွဲ့ဝင် စုစုပေါင်း (၃၀)ဦးကို သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ CPSC နှင့်ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည်။ သင်တန်းတွင် Theme Paper များအဖြစ် Overview of the TVET System in Myanmar, Understanding Competency Based Training, Identifying Priority Occupations, Identifying Competencies, Designing CBT Programmes နှင့် Developing a Curriculum Framework တို့ ပါဝင်ကြမည်ဖြစ်ပြီး Group Work များပြုလုပ်၍ အဓိက မျှော်မှန်းရလဒ်များအနေဖြင့် Post-COVID Issues and Challenges, List of Priority Skills Requirements, DACUM Chart, Program Design, Module Design နှင့် Curriculum Framework များ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)