လူထုအခြေပြုဗဟိုဌာန( Community Centre )၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူထုအခြေပြုဗဟိုဌာန( Community Centre )၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ





MNP ၊ မေ ၁၈

ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကိုမေလ ၁၈ ရက်နေ့ နံနက်၈:၃၀အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သံတွဲခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှုး ဦးသန်းထွန်းက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ၊ သံတွဲခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှုး ဦးသန်းထွန်း နှင့်တပ်ဖွဲ့ဝင်များ၊ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းနှင့်  ဝန်ထမ်းများ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။ 

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သံတွဲခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူပေါင်း၍ ဖွင့်လှစ်သည့် (အခြေခံ) ရှေးဦးပြုစုနည်းသင်တန်း (၁/၂၀၂၂)ကို မေ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၃)ရက်ကြာကာလအတွင်း ခရိုင်ကြက်ခြေနီအသင်းနည်းပြများက ကြက်ခြေနီအကြောင်း သိကောင်း စရာများ ၊ ရှေးဦးပြုစုခြင်း ၏အခြေခံသဘောတရားများ၊လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦး ပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်းဒဏ်ရာအားပြုစုခြင်း၊ အပူလောင်ခြင်းနှင့်အပူလောင်ဒဏ်ရာ ပြုစုခြင်း၊ သွေးဆုတ်ခြင်း သွေးလန့်ခြင်းနှင့်သတိမေ့မျောခြင်းအားပြုစုခြင်း အစရှိသည့် ရှေးဦးပြုစုခြင်း ဆိုင်ရာ  သင်ခန်းစာများကို ကျေးရွာ(၉)ရွာမှ သင်တန်းသား(၄၀)ဦးအား နေ့စဉ် နံနက်(၈:၃၀)နာရီမှ ညနေ(၅)နာရီအထိ စာတွေ့၊ လက်တွေ့  သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း -  နေမျိုးအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)