Pages

Pages

ရေနံချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်လူရွယ် များ အသိပညာအတတ်ပညာ တိုးပွားစေရေးအတွက် အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေး

 



MNP - မေ  ၂၆


မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာနှင့် လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်ရာတွင် အထောက်အကူဖြစ်စေရန်၊ အသိပညာအတတ်ပညာ တိုးပွားစေရေး အတွက် အခမဲ့ကွန်ပျူတာအခြေခံသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် ကွန်ပျူတာသင်တန်းဆရာများက ပို့ချသင်ကြား ပေးမည်ဖြစ်သော Microsoft Word၊ Excel၊ PowerPoint စသည့် ရုံးလုပ်ငန်းသုံးအခြေခံ ကွန်ပျူတာ စာစီစာရိုက်နည်းများကို မိမိတို့အကျိုးအတွက် သေသေ ချာချာ လေ့လာမှတ်သား လိုက်နာကြရန်လိုအပ်ကြောင်းနှင့် သင်တန်းကို ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိစွာ သင်တန်း ရက်များကို ပျက်ကွက်မှုမရှိ သင်ယူလေ့လာကြစေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းဆရာများနှင့်အတူ ရုံးဝန်ထမ်းများက  သင်တန်းသူ၊ သင်တန်းသားများကို ကွန်ပျူတာအခြေခံ လက်ကွက်များ သိရှိတတ်မြောက်စေရေး စာတွေ့လက်တွေ့ စတင်သင်ကြား ပို့ချပေးခဲ့သည်။


အဆိုပါ အခမဲ့ကွန်ပျူတာအခြေခံ သင်တန်းကို ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူငယ်ကွန်ရက်တို့က ပူးပေါင်းဖွင့်လှစ်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး   သင်တန်းတက်ရောက်သူ ၃၀ ဦးအား သင်တန်းကာလ ၂၀ ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ငြိမ်းငြိမ်းအိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment