ရေနံချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်




MNP - မေ   ၃၁


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ ကျန်းမာရေးနှင့်ပတ်သက်၍ ရုတ်တရက်ဖြစ်ပွားကြုံတွေ့လာပါက ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ကယ်တင်နိုင်ရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။


သင်တန်းဖွင့်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မေ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ  မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်စိန်မြက သင်ကြားပို့ချမည့် ဘာသာရပ်များကို မိတ်ဆက်ရှင်းလင်းသည်။


အဆိုပါသင်တန်းတွင် သင်တန်းသား ၃၀ ဦးတက်ရောက်လျက်ရှိပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဆရာ ဆရာမများက ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းသဘောတရားအတွေးအခေါ်၊ လူနာစမ်းစစ်ခြင်း၊ ပတ်တီးစီးနည်း၊ ဒဏ်ရာများနှင့်သွေးယိုစီးခြင်းကိုပြုစုခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးစုပ်သွေးလန့်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်းနှင့်စုပ်ခြင်း၊ အရိုးကျိုးခြင်း၊ ကိုင်တွယ်ခြင်းနှင့်သယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း စသည့်သင်ခန်းစာများကို မေ ၃၀ ရက်နေ့မှ ဇွန် ၃ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)