မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVISHIELD) ဒုတိယအကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVISHIELD) ဒုတိယအကြိမ် ထိုးနှံပေး

 


MNP - မေ  ၂၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဝမ်ကောင်းကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(COVIDSHIELD)ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဝမ်ကောင်းကျေး ရွာအုပ်စု၊ ကျန်းမာရေးဆရာမ ဒေါ်ကေသီထွန်းနှင့် ဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကာကွယ်ဆေးတစ်လုံးလျှင် (၁၀)ဦးနှုန်းဖြင့် စုစုပေါင်း(၅၀)ဦးကို ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးတို့ကသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)