၂၀၂၂ခုနှစ်၊ လူမှုရေးတာဝန်သိမှု (CSR)အစီအစဉ်ဖြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်း (Vocation Education Training) (၁/၂၀၂၂) လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

၂၀၂၂ခုနှစ်၊ လူမှုရေးတာဝန်သိမှု (CSR)အစီအစဉ်ဖြင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်း (Vocation Education Training) (၁/၂၀၂၂) လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်

 

34

MNP - မေ   ၁၆


မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့‎ရေနံနှင့်သဘာဝဓာတ်‎ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာ ရေနံမြေနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီ၏  ၂၀၂၂ခုနှစ်၊လူမှုရေးတာဝန်သိမှု (CSR)အစီအစဉ်ဖြင့် အသက်မွေးဝမ်းကျောင်း ပညာသင်တန်း (Vocation Education Training) (၁/၂၀၂၂) လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ချောက်ရေနံမြေ လုပ်ငန်းခွင်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ချောက်/လမ်းရွာ ရေနံမြေအထွေထွေမန်နေဂျာ ဦးရဲနိုင်မှ Goldpetrol ကုမ္ပဏီ၏ ၂၀၂၂ ခုနှစ် လူမှုရေးတာဝန်သိမှု CSR အစီအစဉ်ဖြင့် အသက်မွေးဝမ်းကျောင်း ပညာသင်တန်း (Vocation Education Training) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် "၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ CSR လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်နှစ်ကို မြန်မာ့‎ရေနံနှင့်သဘာဝဓာတ်‎ငွေ့လုပ်ငန်းက ဘတ်ဂျက်အသစ်တွင်  သိန်းငါးထောင်၊ Goldpetrol က ဒေါ်လာခြောက်သောင်း ကာလတန်ဖိုး၊ ဒေါ်လာဈေး အတက်အကျပေါ်မူတည်ပြီး မြန်မာငွေသိန်းကိုးရာမှ သိန်းတစ်ထောင်ကြား တစ်နှစ်ကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သိန်းခြောက်‎ထောင် ရင်းနှီးမြှုပ်နှံကြောင်း၊ ဇွန်လတွင် သီးနှံကို အ‎ခြေခံသော စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်း၊ ဇူလိုင်လတွင်လည်း စားသောက်ကုန်ထုတ်လုပ်နည်း မုန့်သင်တန်း၊ ဩဂုတ်လတွင် ဆိုင်ကယ်ပြင်သင်တန်းများ ဆက်လက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အသက်မွေးဝမ်းကျောင်းပညာသင်တန်း (Vocation Education Training) ပေးခြင်းဖြင့် ဒေသတွင်း ပြည်သူများ အိမ်တွင်းမှုလုပ်ငန်းဖြင့် မိသားစုဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


သင်တန်းသို့ စိတ်ပါဝင်စားသူ သင်တန်းသား ကျား ၆ဦး၊ မ ၁၆ဦး၊ စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းအား မေလ ၁၆ရက်နေ့ မှ မေလ ၂၀ရက်နေ့အထိ၊ နေ့စဉ် နံနက်၈နာရီခွဲမှ နံနက် ၁၁နာရီခွဲထိ၊ နေ့လယ် ၁နာရီမှ ညနေ၄နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်း (၁၅)မျိုး သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ လူသုံးကုန်ပစ္စည်းများမှာ အဝတ်လျှော်ဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ လက်ဆေးဆပ်ပြာဆီ၊ Shampoo၊ သဘာဝခေါင်းလျှော်ရည်၊ Shower၊ ရှားဇောင်းသဘာဝရေချိုးဆပ်ပြာ၊ Face and Body Sarup၊ Foot Scrub၊ Hand Gel၊ Hand Spray၊ Lip Scrub၊ မှန်ကြည်ဆေးရည်၊ သဘာဝဆပ်ပြာခဲအမျိုးမျိုး၊ HairCoart တို့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ကျော်မိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages