မင်းလှမြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး



MNP - မေ   ၁၇


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ  အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့် အဖွဲ့ဝင်များက ယမန်နေ့ည‌နေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။


အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်စေရေးအတွက် အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည့် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊ မှတ်ပုံတင်စာအုပ် နိုင်(၄)ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက် များအား တိကျမှန်ကန်မှုရှိစေရန် e-ID စနစ်ဖြင့် Server အတွင်း သိမ်းဆည်းခြင်းလုပ်ငန်းကို       e-ID Software အသုံးပြု၍ စိစစ်ပြင်ဆင်ခြင်း၊ စာရင်းရေးသွင်းခြင်းများအား မြို့နယ်အသီးသီးတွင် ဇွန်လကုန်အထိ ရက်ပေါင်း(၆၀)အတွင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း စနစ်တကျ စာရင်းရေးသွင်း ပြီးစီးနိုင်ရေးအတွက် ကွန်ပျူတာ(၁၆)လုံး၊ ဌာနဆိုင်ရာများဝန်ထမ်း(၂၇)ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၇)ဦးတို့က ဆောင်ရွက်လျက်ရှိသည်။ မင်းလှမြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုအား e-ID စနစ် ဖြင့် Data ဖြည့်သွင်းဆောင်ရွက်ရန် စာရင်းရှိ (၁၄၆၂၇၆)ဦးရှိရာ မေလ(၁၆)ရက်နေ့အထိ (၄၇၀၀၀)ဦး၊ ရာခိုင်နှုန်း(၃၂.၁)ပြီးစီးပြီဖြစ်၍ စာရင်းရေးသွင်းရန် (၉၉၂၇၆)ဦး ကျန်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်                                                                                                                                   

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)