ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုမှတ်တမ်းအား e-IDစနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုမှတ်တမ်းအား e-IDစနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်



MNP - မေ   ၁၈


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုမှတ်တမ်းအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းခြင်းကို ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်နေမှုအား ယမန်နေ့က ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု နိုင်-၄ မှတ်တမ်းများအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အား‌ပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။


ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် အသက်(၁၆)နှစ်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအား ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် လျာထားချက် ပြည့်မီဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။


သတင်း - နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)