မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ပွင့်ဖြူမြို့နယ်အတွင်း မဲစာရင်း မှန်ကန်စေရေးအတွက် နိုင်-၄ မှတ်တမ်းများ e-ID Excel Format ရေးသွင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ပွင့်ဖြူမြို့နယ်အတွင်း မဲစာရင်း မှန်ကန်စေရေးအတွက် နိုင်-၄ မှတ်တမ်းများ e-ID Excel Format ရေးသွင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး





MNP - မေ   ၁၉


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက် ၁၀ နာရီခွဲက  ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းသို့ ရောက်ရှိပြီး ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့၏ နိုင်-၄ မှတ်တမ်းများ e-ID Excel Format ရေးသွင်းနေမှုအား   ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။


ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး  ဦးစိုးပိုင်မြင့်က လူဦးရေစာရင်း ပြုစုရာတွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ( ၆၆/၆ ) တစ်ခုတည်းကိုသာ အခြေခံစာရင်းအဖြစ် အသုံးပြုခြင်း မဟုတ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့် မှတ်ပုံတင်စာရင်း နိုင်-၄ ကိုပါ အခြေခံစာရင်းအဖြစ် အသုံးပြုပြီး အပြန်အလှန် စစ်ဆေးနိုင်သည့် နည်းပညာကို အသုံးပြု၍ e-ID Excel Format ရေးသွင်း ဆောင်ရွက်နေမှုအား တိတိကျကျ မှန်မှန်ကန်ကန် မြန်ဆန်ပြီးစီးအောင် ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။


အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းမှတ်တမ်းပုံစံ (နိုင်-၄) မှတ်တမ်းအချက်အလက်များကို e - ID စနစ်ဖြင့် ဆော့ဖ်ဝဲအတွင်း ထည့်သွင်းခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာရုံးများမှ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းများ စုပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရက်ပေါင်း(၄၀)အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ထံကသိရသည်။


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)