မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် မဲစာရင်းပြုစုရေးအတွက် e - ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် မဲစာရင်းပြုစုရေးအတွက် e - ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု







MNP - မေ  ၂၁


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် မဲစာရင်းပြုစုနိုင်ရေးအတွက် e-ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လာရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများတိကျမှန်ကန် မြန်ဆန်စွာပြီးစီးရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။


ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအနီး စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဲဇလီဆည်ရေ သောက်စနစ်ဖြင့် စိုက်ပျိုးထားရှိသော နွေနှမ်းအထွက်တိုး စံပြကွက်ဧက ၅၀ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများ တောင်သူတစ်ဦးချင်းအလိုက် သီးနှံဝင်ငွေ တိုးပွားရေးနှင့် သီးနှံများစိုက်ပျိုးရာတွင် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရုံသာမက ပြည်ပနိုင်ငံများသို့ အရည်အသွေးပြည့်မီသော သီးနှံထွက်ကုန်များ ပိုမိုတင်ပို ရောင်းချနိုင်အောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးသီးနှံများတွင် စားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံ များဖြစ်သည့် နှမ်း ၊ နေကြာ စသည့် သီးနှံများကို ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်းနှင့် တောင်သူများသီးနှံအထွက်နှုန်းကောင်းမွန်ရေးနှင့် သီးနှံလေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများမှ ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမသို့ သွားရောက်ပြီး ပွင့်ဖြူမြို့နယ်အတွင်း မဲစာရင်းပြုစုခြင်းလုပ်ငန်း ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများ စုပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေသည့် ဆော့ဖ်ဝဲနည်းပညာ အသုံးပြု၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းမှတ်တမ်းပုံစံ(နိုင် - ၄)မှတ်တမ်းအချက်အလက်များအား e-ID စနစ် Excel Format ဖြင့် စိစစ် ဖြည့်သွင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက (နိုင်-၄) မှတ်တမ်းအချက်အလက်များ ဖြည့်သွင်းပြီးစီးမှုအခြေအနေနှင့် ဖြည့်သွင်းရန်ကျန်ရှိသည့် လုပ်ငန်းများ အချိန်မီ ပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။


ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မဲစာရင်းပြုစုခြင်းလုပ်ငန်း ဖြည့်သွင်းခြင်းအား ယခုလအတွင်းပြီးစီးအောင် အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)