Pages

Pages

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မင်းလှမြို့နယ်တွင် နိုင်-၄ မှတ်တမ်းများ Excel Format နှင့် e-ID စနစ် Software ရေးသွင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး



MNP - မေ   ၂၅


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့မွန်းလွဲပိုင်းက မင်းလှမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများပြုစုရေးသွင်းရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်စေရေးအတွက် နိုင်-၄ မှတ်တမ်းများ Excel Format ရေးသွင်းနေမှုနှင့် e-ID စနစ် Software ရေးသွင်းနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမသို့ရောက်ရှိပြီး ဌာနဆိုင်ရာ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် နိုင်-၄ မှတ်တမ်း များ Excel Format ရေးသွင်းနေမှုနှင့် e-ID စနစ် Software ရေးသွင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုစုရေးသွင်း ရာ၌ အချက်အလက်များ တိကျမှန်ကန်မှုရှိစေရေး၊ အချိန်မီပြီးစီးရေးနှင့် မဲစာရင်းသာမက လူဦးရေ စာရင်းပြုစုရာတွင် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆)ကို အခြေခံစာရင်းအဖြစ် အသုံးပြုခြင်း မဟုတ်ဘဲ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးသည့် နိုင်-၄ မှတ်ပုံတင်စာရင်းများကို အခြေခံကာ အပြန်အလှန် စစ်ဆေးနိုင်သည့် နည်းပညာကိုအသုံးပြု၍ Excel Format အရင်ရေးသွင်းပြီး e-ID Software စနစ်ကို ရေးသွင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဌာနရုံး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန်နှင့် နိုင်-၄ မှတ်တမ်းစာရင်းများကိုအခြေခံ၍ Software ရေးသွင်းရာတွင် အချိန်မီပြီးစီးရေးကို အလေးထားဆောင်ရွက်သွားရန်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment