Pages

Pages

မြန်မာနိုင်ငံအနေဖြင့် GDP ၏ ၅၈ ရာခိုင်နှုန်းခန့်မှာ ဝန်ဆောင်မှုကုန်သွယ်ရေးမှ ရရှိခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စတုတ္ထနေရာတွင်ရှိ



MNP ၊ မေ ၂၆

ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအချက်အလက်များ ဘဏ္ဍာတိုက် (Services Trade and Investment Portal- STIP) တည်ထောင် ထားရှိမှုနှင့်စပ်လျဉ်း၍ Beta Version အား အသိပေး ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ကုန်သွယ်မှုကဏ္ဍတွင်  န်ဆောင်မှုကုန်သွယ်ရေးသည် အလားအလာကောင်းများ ရှိနေသည့်အတွက် ဝန်ဆောင်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာအောင်ဆောင်ရွက်၍ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အာဆီယံ၏ ၂၀၁၉ ခုနှစ်တွင် တရားဝင်ထုတ်ပြန်ထားသည့်စာရင်းအရ မြန်မာနိုင်ငံအနေဖြင့် GDP ၏ ၅၈ ရာခိုင်နှုန်းခန့်မှာ ဝန်ဆောင်မှုကုန်သွယ်ရေးမှ ရရှိခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြားတွင် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံတို့ပြီးလျှင် စတုတ္ထနေရာတွင်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေး ဆိုင်ရာအစီအမံ (Measures)များကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုတည်ထောင်ထားသည့် STIP Web Portal သည် ဝန်ဆောင်မှုကုန်သွယ်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို တစ်နေရာတည်းတွင် စုစည်းတွေ့မြင်ရမည့် website ဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို စုစည်းပြုစုထားရာတွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် FTAs များ၏ ကတိကဝတ်များနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုစုထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (AEC 2025) လုပ်ငန်းစီမံချက်အရ အကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ STIP Web Portal သည် မြန်မာနိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍအတွက် များစွာအထောက်အကူဖြစ်စေပါကြောင်း ပြောကြားသည်။


ထို့နောက် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့်ဆက်စပ်သည့်ဦးစီးဌာန ၃၅ ခုမှ ကိုယ်စားလှယ် ၄၄ ဦးတို့ကိုယ်စား တာဝန်ခံညွှန်ကြားရေးမှူး၊ Developer Company မှ နည်းပညာဆိုင်ရာတာဝန်ခံတို့က ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက် အလက်များဘဏ္ဍာတိုက် (Services Trade and Investment Portal- STIP) တည်ထောင်ထားရှိမှုနှင့် အသုံးပြုမှုဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ အနယ်နယ်အရပ်ရပ်ရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ ဘဏ္ဍာတိုက် တည်ထောင်ထားရှိမှုနှင့် အသုံးပြုမှုဆိုင်ရာများကို ပိုမိုရှင်းလင်းလွယ်ကူစွာ သိရှိနိုင်ရေးအတွက် ရန်ကုန် မြို့နှင့် မန္တလေးမြို့များတွင် STIP တည်ထောင်ထားရှိ မှုနှင့်စပ်လျဉ်းသည့် Beta Version အား အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားများကိုလည်း ဆက်လက်၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment