ပေါက်တောမြို့၌ အခြေခံပညာအထက်တန်းအဆင့် GRADE-11 (သင်ရိုးသစ်) မြို့နယ်အဆင့် (FACE TO FACE) ဆင့်ပွားသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ အခြေခံပညာအထက်တန်းအဆင့် GRADE-11 (သင်ရိုးသစ်) မြို့နယ်အဆင့် (FACE TO FACE) ဆင့်ပွားသင်တန်းဖွင့်




MNP ၊ မေ ၂၁

ရခိုင်ပြည်နယ်၊ပေါက်တောမြို့၌ အခြေခံပညာအထက်တန်းအဆင့် (GRADE -11)သင်ရိုးသစ် မြို့နယ်အဆင့်(FACE  TO FACE) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ပေါက်တောမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေဘန်း ခန်းမတွင် ယနေ့နံနက်(၉:၀၀)နာရီကပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် စစ်တွေခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းရွှေ က အဖွင့်အမှာစကားပြောကြားပြီး၊ ပေါက်တောမြို့နယ် ဒုတိယပညာရေးမှူး ဦးအောင်မျိုးသန့်က သင်တန်းဖွင့်လှစ်ရခြင်း၏အကြောင်းအရာများ နှင့် သင်တန်းတက်ရောက်နေစဉ် သင်တန်းဆိုင်ရာစည်းကမ်းချက်များကို ရှင်းလင်းပြောကြားကြသည်။

ယင်းသင်တန်းသို့ သင်တန်းနည်းပြဆရာ/ဆရာမ -၁၂ ဦးတို့ကသင်ကြားပို့ချသွား၍ သင်တန်း တက်ရောက်ကြမည့် ဆရာ/ဆရာမ စုစုပေါင်း (၁၂၆)ဦးတက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ(၂၁)ရက်နေ့မှ မေလ(၂၃)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)