ရသေ့တောင်မြို့၌ မြို့နယ်အဆင့် GRADE-11 (သင်ရိုးသစ်) (FACE TO FACE)ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ မြို့နယ်အဆင့် GRADE-11 (သင်ရိုးသစ်) (FACE TO FACE)ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ





MNP ၊ မေ ၂၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်(၂၀၂၂-၂၀၂၃)ပညာသင်နှစ်မြို့နယ်အဆင့် GRADE-11 (သင်ရိုးသစ်) (FACE TO FACE)ဆင့်ပွားသင်တန်းဖွင့်ဖွင့်ပွဲအခမ်းအနားကို ယနေ့၊ နံနက်(၉)နာရီကရသေ့တောင်(အထက)(၂)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် စစ်တွေခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရသေ့တောင်မြို့နယ်  ဒုတိယမြို့နယ်ပညာရေးမှူး ဦး‌ မောင်ဝင်းညွန့်က သင်တန်းနည်းပြဆရာများနှင့်သင်တန်း သား ဆရာ/မတို့အား သင်တန်း၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 အဆိုပါ မြို့နယ်အဆင့် Grade-11 သင်ရိုးသစ် သင်တန်းတွင် နည်းပြ ၁၃ဦး တို့က မြို့နယ် အ တွင်း ရှိ အခြေခံပညာ အထက်တန်းအဆင့် ဆရာ/ဆရာမ ၁၆၀ ဦးတို့ကို မြန်မာစာ ၊ အင်္ဂလိပ်စာ ၊သင်္ချာ ၊ ဓာတု ဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ ၊ ဘောဂဗေဒ ၊ ပထဝီ ၊သမိုင်း ၊ လူမှုရေးသိပ္ပံ နှင့် ကာယ ဘာသာရပ် များအား မေ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြား ပို့ချ ပေးမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)