ကျောက်ဖြူမြို့တွင် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ်(Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း နောက်ဆုံးနေ့ ဆက်လက်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ်(Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း နောက်ဆုံးနေ့ ဆက်လက်ပို့ချ








ကျောက်ဖြူ  မေ ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက် အခြေခံပညာကျောင်များမှ ဆရာ၊ ဆရာမများအား အထက်တန်းအဆင့် သင်ရိုးသစ် (Grade-11)မြို့နယ်အဆင့် Face to Face ဆင့် ပွားသင်တန်းနောက်ဆုံးနေ့ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တွင်  ဆက်လက်ပို့ချလျက်ရှိကြောင်းသိရသည်။


ထိုသို့ ပို့ချလျက်ရှိရာ သင်တန်းနည်းပြဆရာ (၁၆) ဦးတို့က ကျောက်ဖြူမြို့နယ်အတွင်းရှိ  အခြေခံ ပညာကျောင်းများမှ ဆရာ၊ ဆရာမ (၃၅၉) ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ သမိုင်း၊ လူမှုရေးသိပ္ပံနှင့် ကာယ စသော(Grade-11) သင်ရိုးသစ်ဘာသာရပ် များအာ စာတွေ့၊လက်တွေ့ ဆွေးနွေးပို့ချပေးလျက်ရှိပြီး သင်တန်းကာလမှာ  မေလ (၂၁) ရက်နေ့မှ  (၂၃) ရက်နေ့အထိ (၃)ရက်ကြာ ပို့ချပြသလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)