မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade -11(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade -11(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်





MNP - မေ   ၁၇


၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲကို မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။


ဆွေးနွေးပွဲတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံပညာ အထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲမှာ ဆရာ/ဆရာမများအား စုံလင်စွာ တွေ့ရှိရသည့်အတွက် များစွာပီတိဖြစ်ရပြီး တိုင်းပြည်အတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများ အဖြစ်လည်း ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စနစ်သစ်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းသည် ဆရာ/ဆရာမများ၏ စွမ်းဆောင်ရည်အား စဉ်ဆက်မပြတ် မြှင့်တင်ရာရောက်ပြီး ကျောင်းသား/ကျောင်းသူများအား သင်ခန်းစာများ ပြန်လည်ပို့ချရာမှာ များစွာအထောက်အကူ ပြုလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲက သင်ကြားပို့ချေပေးသည့် သင်ခန်းစာများအား တက်ကြွစွာဖြင့် သင်ယူပြီး မိမိတို့၏ မြို့နယ်အသီးသီးမှာ နည်းပြကောင်းများအဖြစ် ပြန်လည်ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ အခြေခံပညာသင်ကြားရေးသည် အခမဲ့စနစ်ဖြစ်ပြီး အတန်းတိုင်း၏ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့အား နိုင်ငံဘဏ္ဍာငွေဖြင့် ကျခံပေးလျက်ရှိသည့်အပြင် ယခုနှစ်တွင် မူလတန်းအဆင့် KG တန်းမှ Grade–5 အထိ ကျောင်းသား/သူများအား ကျောင်းဝတ်စုံ တစ်စုံစီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း ယခုဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ရေးအတွက် လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က Grade-11 (သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်သည့် ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေ ငွေကျပ်(၅)သိန်းအား မကွေးမြို့နယ်ပညာရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာအထက်တန်းအဆင့် Grade-11(သင်ရိုးသစ်) တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲကို (၁၆.၅.၂၀၂၂)ရက်နေ့မှ (၁၈.၅.၂၀၂၂)ရက်နေ့အထိ ကျင်းပဆောင် ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၂၆၅)ဦးအား သင်တန်းနည်းပြ ဆရာ/ဆရာမ (၃၀)ဦးမှ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)