ကျောက်ဖြူမြို့တွင် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ်(Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ်(Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ







MNP ၊  မေ ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်အတွက် အခြေခံပညာကျောင်များမှ ဆရာ၊ ဆရာမများအား အထက်တန်းအဆင့် သင်ရိုးသစ် (Grade-11)မြို့နယ်အဆင့် Face to Face ဆင့် ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်  ဖွင့်လှစ်ပို့ ချလျက်ရှိကြောင်း သိရသည်။ 

အခမ်းအနားတွင် ကျောက်ဖြူခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းတင် က အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးညီလင်းထွန်းမှ သင်တန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းကိုဆက်လက်ပို့ချရာ သင်တန်း နည်းပြဆရာ (၁၆)ဦးတို့မှ ကျောက်ဖြူမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၃၅၉) ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ သမိုင်း၊ လူမှုရေးသိပ္ပံနှင့် ကာယ စသော(Grade-11)သင်ရိုးသစ်ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ ပို့ချပေးလျက်ရှိသည်။ 

အဆိုပါ သင်ရိုးသစ် (Grade-8) မြို့နယ်အဆင့် Face to Face ဆင့်ပွားသင်တန်းကို  မေလ ၂၁ ရက်နေ့မှ  ၂၃ ရက်နေ့အထိ(၃)ရက်ကြာ ပို့ချပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန် ရှိ သူတစ်ဦးထံမှ သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)