MNP ၊ မေ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်များမှ ဆရာ၊ ဆရာမများအား အထက်တန်းအဆင့် သင်ရိုးသစ် (Grade-11)မြို့နယ်အဆင့် Face to Face ဆင့် ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ ချလျက်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဖြူခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းတင် က အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးညီလင်းထွန်းမှ သင်တန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းကိုဆက်လက်ပို့ချရာ သင်တန်း နည်းပြဆရာ (၁၆)ဦးတို့မှ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၃၅၉) ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ သမိုင်း၊ လူမှုရေးသိပ္ပံနှင့် ကာယ စသော(Grade-11)သင်ရိုးသစ်ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ ပို့ချပေးလျက်ရှိသည်။
အဆိုပါ သင်ရိုးသစ် (Grade-8) မြို့နယ်အဆင့် Face to Face ဆင့်ပွားသင်တန်းကို မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ(၃)ရက်ကြာ ပို့ချပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန် ရှိ သူတစ်ဦးထံမှ သိရှိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment