ပုလောမြို့နယ်၌ Grade -11 သင်ရိုးသစ် သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်၌ Grade -11 သင်ရိုးသစ် သင်တန်းဖွင့်လှစ်





MNP - မေ  ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ Grade-11 သင်ရိုးသစ် သင်တန်း (တတိယနေ့)ကို ယနေ့နံနက်ပိုင်းတွင် ပုလောမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာတွင် Grade -11 သင်ရိုးသစ် သင်တန်းကို မေလ ၂၁ ရက် နေ့မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိပြီး  Grade -11 သင်ရိုးသစ် သင်တန်းတွင် စာရင်းရှိ ၁၀၈ ဦး တက်ရောက် ၈၉ ဦး ပျက်ကွက် ၁၉ ဦးရှိကြောင်း ပညာရေးဌာနမှ သိရသည်။


ပုလောမြို့နယ်၌ သင်ရိုးသစ် Grade -5 သင်တန်းကို မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ထိ၊ Grade -8 သင်တန်းကို မေလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ၊ Grade -11  သင်တန်းများကို မေလ ၂၁ ရက်နေ့ ၂၃ ရက်နေ့အထိ  ပုလောမြို့(အထက-၁)၊ ပလမြို့ (အထက-ခွဲ)၊ ပလောက်မြို့ (အထက-၁)တို့တွင် (၃)နေရာ အသုတ်များခွဲ၍ ဖွင့်လှစ်သင်ကြားပေးလက်ရှိကြောင်း သိရ သည်။


သတင်း - အေးအေးမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)