MNP - မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ Grade-11 သင်ရိုးသစ် သင်တန်း (တတိယနေ့)ကို ယနေ့နံနက်ပိုင်းတွင် ပုလောမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာတွင် Grade -11 သင်ရိုးသစ် သင်တန်းကို မေလ ၂၁ ရက် နေ့မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိပြီး Grade -11 သင်ရိုးသစ် သင်တန်းတွင် စာရင်းရှိ ၁၀၈ ဦး တက်ရောက် ၈၉ ဦး ပျက်ကွက် ၁၉ ဦးရှိကြောင်း ပညာရေးဌာနမှ သိရသည်။
ပုလောမြို့နယ်၌ သင်ရိုးသစ် Grade -5 သင်တန်းကို မေလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့ထိ၊ Grade -8 သင်တန်းကို မေလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ၊ Grade -11 သင်တန်းများကို မေလ ၂၁ ရက်နေ့ ၂၃ ရက်နေ့အထိ ပုလောမြို့(အထက-၁)၊ ပလမြို့ (အထက-ခွဲ)၊ ပလောက်မြို့ (အထက-၁)တို့တွင် (၃)နေရာ အသုတ်များခွဲ၍ ဖွင့်လှစ်သင်ကြားပေးလက်ရှိကြောင်း သိရ သည်။
သတင်း - အေးအေးမော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment