Pages

Pages

မဟာအောင်မြေမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် Grade-11(သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်းဆက်လက်သင်ကြား




MNP - မေ   ၂၄


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်ဆင့်ပွားသင်တန်း‌ နောက်ဆုံးနေ့အဖြစ် ယမန်နေ့နံနက် ၉ နာရီက မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားခဲ့သည်။


အဆိုပါ အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်)မြို့နယ်အဆင့်ဆင့်ပွားသင်တန်းကို မြို့နယ်ပညာရေးမှူး ဦးလှမြင့်က ကြီးကြပ်၍ သင်တန်းကို မြို့နယ်အတွင်းရှိ အထက်တန်းပြဆရာ၊ ဆရာမ(၂၇၁)ဦးတက်ရောက်ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမ(၁၀)ဦးက မေလ(၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၃)ရက်တာ ရက်တိုသင်တန်းအားသက်ဆိုင်ရာ ဘာသာရပ်အလိုက်  နံနက် ၉ နာရီမှ  ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment