ကျိုက်ထိုမြို့၌ အခြေခံပညာအထက်တန်းအဆင့် GRADE-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့၌ အခြေခံပညာအထက်တန်းအဆင့် GRADE-11 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်






MNP ၊ မေ ၂၁

မွန်ပြည်နယ်၊ကျိုက်ထိုမြို့၌ အခြေခံ ပညာအထက်တန်းအဆင့် (GRADE -11)သင်ရိုးသစ် မြို့နယ်အဆင့်  ဆင့်ပွား သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျိုက်ထို မြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း ရာပြည့် ခန်းမတွင် မေ၂၁ရက် နံနက် ၉နာရီကဖွင့်လှစ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင်သထုံခရိုင် ပညာရေးမှူးရုံးမှဦးစီးအရာရှိဒေါ်စန်းစန်းမိုး က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းအိ က ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင်  မိမိတို့မြို့နယ်အနေဖြင့် KGတန်းမှစ၍ GRADE 11 ထိ ရာနှုန်းပြည့် အောင်မြင်ရန်သင်ကြား ပေးရမှာဖြစ် သည့်အတွက် သင်တန်းသားသင်တန်းသူများအနေဖြင့်မိမိတို့ လေ့လာသင်ကြားရမည့်ဘာသာရပ်များကိုလေ့လာမှတ်သား သင်ကြားကြရန်မှာကြားခဲ့သည်။

ဆက်လက်၍လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျော်ဇောလင်းက ဘာသာရပ်အလိုက် သင်ကြားရမည့်ဆရာ ၊ ဆရာမများ၏ အခန်းများနှင့်ကျန်းမာရေး ကိစ္စများနှင့်ပတ်သက်၍ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် နည်းပြ  ၁၂ ဦး တို့က မြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့် ဆရာ/ဆရာမ  ၁၆၀ ဦးတို့ကို  မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ ဓာတုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ ၊ ဘောဂဗေဒ ၊ ပထဝီ ၊ သမိုင်း ၊ လူမှုရေးသိပ္ပံ  နှင့် ကာယ ဘာသာရပ် များအား  မေ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ  နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)