တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ်၊ Grade-11(သင်ရိုးသစ်)မြို့နယ်အဆင့်-ဆင့်ပွါးသင်တန်းစတင်ဖွင့်လှစ်သင်ကြားပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၃ ပညာသင်နှစ်၊ Grade-11(သင်ရိုးသစ်)မြို့နယ်အဆင့်-ဆင့်ပွါးသင်တန်းစတင်ဖွင့်လှစ်သင်ကြားပို့ချ


MNP - မေ   ၂၃


၂၀၂၂-၂၃ ပညာသင်နှစ်၊ Grade-11(သင်ရိုးသစ်) မြို့နယ်အဆင့် (Face To Face) ဆင့်ပွါးသင်တန်းဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမအတွင်း မေလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူးဦးခင်အေးက သင်တန်းရည်ရွယ်ချက်၊ ဘာသာရပ်အလိုက် ကျွမ်းကျင်စွာတတ်မြောက်စေရန်သင်ကြားမည့်အစီအစဉ်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းမှာကြားကြောင်း သိရသည်။


၎င်းသင်တန်းသို့ တနင်္သာရီမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းအုပ်များ၊ အထက်တန်းကျောင်း(ခွဲ)ကျောင်းအုပ်များနှင့် အထက်တန်းပြဆရာ/မများ စုစုပေါင်း(၆၄)ဦး တက်ရောက်ရန် စာရင်းရှိသည့်အနက် (BED)သင်တန်းတက်ရောက်နေသူများ၊ နီးစပ်ရာအခြားမြို့နယ်များတွင် ၎င်းသင်တန်းအား တက်ရောက်နေခြင်းတို့ကြောင့် လက်ရှိသင်တန်းတွင်(၃၇)ဦး တက်ရောက်လျက်ရှိကြောင်း၊ သင်တန်းတွင် သင်တန်းနည်းပြဆရာ(၁၀)ဦး၊ သင်တန်းကြီးကြပ်(၁)ဦး၊ ရုံးအဖွဲ့(၂)ဦးတို့က မေလ (၂၁ ရက်မှ ၂၃ ရက်)နေ့အထိနေ့စဉ် နံနက်(၉နာရီမှ ညနေ ၄ နာရီ) အထိ သင်တန်းကာလ(၃)ရက်အတွင်း မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီဝင်၊ သမိုင်းနှင့် ကာယပညာစသည့် ဘာသာရပ်(၁၀)ခုအား နားလည်တတ်ကျွမ်းစွာ ပြန်လည်သင်ကြားပို့ချပေးနိုင်သည်အထိ ဆင့်ပွါးသင်ကြားပေးမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူးဦးခင်အေးထံက သိရှိရသည်။


သတင်း - နန်းသာရီ-ထိန်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)