MNP - မေ ၂၃
၂၀၂၂-၂၃ ပညာသင်နှစ်၊ Grade-11(သင်ရိုးသစ်) မြို့နယ်အဆင့် (Face To Face) ဆင့်ပွါးသင်တန်းဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမအတွင်း မေလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူးဦးခင်အေးက သင်တန်းရည်ရွယ်ချက်၊ ဘာသာရပ်အလိုက် ကျွမ်းကျင်စွာတတ်မြောက်စေရန်သင်ကြားမည့်အစီအစဉ်များနှင့် စည်းကမ်းချက်များကို ရှင်းလင်းမှာကြားကြောင်း သိရသည်။
၎င်းသင်တန်းသို့ တနင်္သာရီမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းအုပ်များ၊ အထက်တန်းကျောင်း(ခွဲ)ကျောင်းအုပ်များနှင့် အထက်တန်းပြဆရာ/မများ စုစုပေါင်း(၆၄)ဦး တက်ရောက်ရန် စာရင်းရှိသည့်အနက် (BED)သင်တန်းတက်ရောက်နေသူများ၊ နီးစပ်ရာအခြားမြို့နယ်များတွင် ၎င်းသင်တန်းအား တက်ရောက်နေခြင်းတို့ကြောင့် လက်ရှိသင်တန်းတွင်(၃၇)ဦး တက်ရောက်လျက်ရှိကြောင်း၊ သင်တန်းတွင် သင်တန်းနည်းပြဆရာ(၁၀)ဦး၊ သင်တန်းကြီးကြပ်(၁)ဦး၊ ရုံးအဖွဲ့(၂)ဦးတို့က မေလ (၂၁ ရက်မှ ၂၃ ရက်)နေ့အထိနေ့စဉ် နံနက်(၉နာရီမှ ညနေ ၄ နာရီ) အထိ သင်တန်းကာလ(၃)ရက်အတွင်း မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီဝင်၊ သမိုင်းနှင့် ကာယပညာစသည့် ဘာသာရပ်(၁၀)ခုအား နားလည်တတ်ကျွမ်းစွာ ပြန်လည်သင်ကြားပို့ချပေးနိုင်သည်အထိ ဆင့်ပွါးသင်ကြားပေးမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူးဦးခင်အေးထံက သိရှိရသည်။
သတင်း - နန်းသာရီ-ထိန်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment