ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် Grade-11 အဆင့် ဆင့်ပွားသင်တန်း စတင်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် Grade-11 အဆင့် ဆင့်ပွားသင်တန်း စတင်ဖွင့်လှစ်

 



MNP - မေ  ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက်(၀၉:၀၀)နာရီ အချိန်က စတင်၍ Grade-11 အဆင့် ဆင့်ပွားသင်တန်းစတင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ပြန်လည်သင်ကြားပို့ချသည့်အခါ ကလေးငယ်များ၏ အတွေးအခေါ်၊ အဆင့်အတန်း မြင့်မားစေရန်၊ ကလေးငယ်များ ဘဏ်စုံဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်၍ကလေးများ၏  ညာဏ်ရည်ဉာဏ်သွေး တိုးတက်အောင် ဆွဲထုတ်သင်ကြားပေးတဲ့ စနစ်ဖြစ်သည့်အတွက် ကလေးငယ်များ အားဗဟိုပြု သင်ကြားပေးသော စနစ်သစ်တစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။


အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ (၁၆၄)ဦး   သင်တန်းနည်းပြ (၁၀)ယောက်ဗဟို နည်းပြ(၁၀)ယောက် စုစုပေါင်း(၁၇၆) ယောက်တို့မှ တာဝန်ယူ သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလအနေဖြင့် မေလ ၂၁ ရက်နေ့မှ မေလ ၂၃ရက်နေ့အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် သင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆက်လက် ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ  သတင်းရရှိသည်။


သတင်း - သက်မင်းဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)