ကြာအင်းဆိပ်ကြီးမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် (Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် (Grade-11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

 


MNP - မေ   ၂၃


၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။


အဆိုပါသင်တန်းဖွင့်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်က သင်တန်းသား ဆရာ၊ ဆရာမများအား အားပေးအမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးမြင့်ထွန်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ်ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းရည်ရွယ်ချက်နှင့် ကျောင်းသင်ခန်းစာသင်ကြားမည့် ဆရာ၊ ဆရာမအား စနစ်တကျကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားပို့ချနိုင်စေရေး သင်ကြားသင်ယူမှု စနစ်သစ်၏ထိရောက်မှုအား နားလည်သဘောပေါက်စေရန် သင်ရိုးသစ်အား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကောင်းစွာလေ့လာသင်ယူတတ်မြောက်နိုင်စေရေးအတွက် ရှင်းလင်းပြောကြားသည်။


၎င်းသင်တန်းအား ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ အထက်တန်းအဆင့်သင် အထက်တန်းပြ ဆရာ၊ ဆရာမ စုစုပေါင်း (၁၇၆)ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလကို မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သုံးရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးမင်းဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)