နမ့်စန်တွင် အခြေခံပညာအထက်တန်းအဆင့် (GRADE-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် အခြေခံပညာအထက်တန်းအဆင့် (GRADE-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်

 


MNP - မေ   ၂၂


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် ဧကဒဿမ  (GRADE-11) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က (GRADE-11) သင်ရိုးသစ်ဆင့်ပွား သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်ရိုးသစ်သင်တန်းများ ဆက်လက်ပို့ချဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း ၁၀ ကျောင်းမှ အထက်တန်းအဆင့်သင် ဆရာ/ဆရာမ ၄၅ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြ ၁၀ ဦးက မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)