ဂန့်ဂေါမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် (Grade- 11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် (Grade- 11) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

 



MNP - မေ   ၂၁


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အ.ထက(ဂန့်ဂေါ)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ်(Grade-11) မြို့နယ်အဆင့် (face to face)ဆင့်ပွား သင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲတွင် ဂန့်ဂေါမြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းက အတွေးအခေါ်ကောင်း များ ရှင်သန်စေရန်၊ လက်တွေ့ကျကျ အကောင်အထည်ဖော်တတ်စေရန်နှင့် ဆရာ/ဆရာမများ သင်ကြားပို့ချမှု အရည်အသွေးကောင်းမွန်စေရန်ရည်ရွယ်၍ သင်ရိုးသစ် (Grade-11) ဆင့်ပွားသင်တန်း ကို သင်ကြားပို့ကြားရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


သင်ရိုးသစ် (Grade-11) ဆင့်ပွားသင်တန်းကို သင်တန်းနည်းပြ(၁၀)ဦးမှ မေလ(၂၁)ရက်မှ (၂၃)ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းအဆင့် သင်တန်းသား/သူ ဆရာ၊ ဆရာမများ (၇၀)ဦး တက်ရောက်လျက် ရှိကြောင်း သိရသည်။


ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေသည့် “အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများကိုသတိပြုကာ မိမိကစ၍ကာကွယ်ပါ” စသည့် လက်ကမ်းစာစောင်များ ကိုလည်း ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - ထင်အောင်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)