ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်ဆွေးနွေးပွဲပြုလုပ်

 


MNP - မေ   ၂၃


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်ဆွေးနွေးပွဲကို၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဘာသာရပ်များအလိုက် ပြုလုပ်လျက်ရှိကြောင်းသိရသည်။


အဆိုပါ Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်ဆွေးနွေးပွဲများကို မေလ(၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၃)ရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပြီး၊ အဆိုပါ သင်ရိုးသစ်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းဖွင့်ရာသီတွင် အခြေခံပညာကျောင်းများအလိုက် ကျောင်းများပြန်လည်ဖွင့်လှစ်၍ စာသင်ကြားရာတွင် ကလေးများ၏ အတွေးအခေါ်၊ အဆင့်အတန်းမြင့်မားစေရန်နှင့် ကလေးများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကလေးများ၏ဉာဏ်ရည်ဉာဏ်သွေးတိုးတက်အောင်စွဲထုတ်သင်ကြားပေးသောစနစ်ဖြစ်သည့်အတွက် ကလေး ဗဟိုပြုသင်ကြားပေးသောစနစ်သစ်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဒေါ်မော်မော်က ပြောပါသည်။ အဆိုပါ Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်ဆွေးနွေးပွဲများကို ဘာသာရပ်အလိုက်အခန်းခွဲ၍ နည်းပြများ၊ သင်တန်းသူသင်တန်းသား ဆရာ/ဆရာမများက မိမိတို့၏ အတွေ့အကြုံ၊ သင်ကြား/သင်ယူမှုများနှင့်ပတ်သက်၍ သင်ရိုးသစ်ဆိုင်ရာနည်းစနစ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးလျက်ရှိကြကြောင်း သိရသည်။


အခြေခံပညာအထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်) မြို့နယ်အဆင့်ဆွေးနွေးပွဲများကို စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာအပါအဝင် ဘာသာရပ်(၉)မျိုးကို အခန်းအလိုက်ဆွေးနွေးလျက်ရှိကြပြီး၊ သင်တန်းသားဆရာ/ဆရာမကြီး(၂၃၃)ဦး ကြီးကြပ်သူနှင့်ရုံးအဖွဲ့(၃)ဦး စုစုပေါင်း (၂၃၆)ဦး တက်ရောက်လျက်ရှိကြကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)