Pages

Pages

ကြို့ပင်ကောက်မြို့၌ အခြေခံပညာအထက်တန်း Grade-11 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ


MNP - မေ   ၂၂


ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်ပညာရေးဌာနမှကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-11 သင်ရိုးသစ်မြို့နယ်အဆင့်ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို အထက(ပန်းတင်) ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီချိန်က ကျင်းပခဲ့သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြုပြင်ပြောင်းလဲနေသော ပညာရေးအခြေအနေများကို ပညာရေးဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်၍ တိုင်းပြည်အတွက် အားထားရသော သားကောင်း ရတနာလေးများဖြစ်အောင် စုပေါင်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး (တာဝန်)ဦးစိုးသန်းမှ ပြောင်းလဲလာသော ပညာရေးစနစ်သစ်သည် နိုင်ငံတကာပညာရေးစနစ်ဖြင့် ချိတ်ဆက်နိုင်ရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့သည်။


ကြို့ပင်ကောက်မြို့နယ် အခြေခံပညာအထက်တန်းအဆင့် Grade-11 သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အထက်တန်းပြဆရာဆရာမ သင်တန်းသား(၁၁၅)ဦးအား နည်းပြဆရာ (၁၀)ဦးဖြင့် အခန်း(၁၀)ခွဲကာ မေလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment