Pages

Pages

အခြေခံပညာအထက်တန်းအဆင့်(Grade-11)သင်ရိုးသစ် နည်းပြသင်တန်းဆင်းပွဲကျင်းပ



MNP - မေ   ၂၄


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်ပညာရေးမှူးရုံးက ကြီးမှူးကျင်းပသည့် အခြေခံပညာအထက်တန်းအဆင့်(Grade-11) သင်ရိုးသစ်မြို့နယ်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။


“၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ နိုင်ငံတော်က သင်ရိုးသစ်အနေနှင့် (Grade-5)၊ (Grade-8)နှင့် (Grade-11) အတန်းများအထိ သင်တန်းများဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ (Grade-11) သင်ရိုးသစ်မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ဘောဂ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ်များကို ဆရာ၊ ဆရာမများ ပြန်ပြီးပို့ချပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများကို လိမ္မာယဉ်ကျေးပြီး အသိပညာ ဗဟုသုတ၊ လိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန်များကို သိရှိသွားမည်ဖြစ်ပါကြောင်း၊ စိတ်နေစိတ်ထား ယဉ်ကျေးသိမ်မွေ့အောင် ပျိုးထောင်ပေးသွားမှာဖြစ်ပါကြောင်း၊ တစ်ဖက်ကလည်း ကာယပညာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပံ့ပိုးပေးသွားခြင်းအားဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကလေးများကို နိုင်ငံတော်အတွက် မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း” မြို့နယ်ပညာရေးမှူးဒေါ်ထူးထူးလွင်က သင်ရိုးသစ် (Grade -11) သင်ကြားပို့ချမှုနှင့်စပ်လျဉ်း၍ သင်တန်းဆင်းအမှာစကား၌ ထည့်သွင်း‌ပြောကြားခဲ့သည်။


သင်တန်းဆင်းပွဲတွင် ကမာရွတ်မြို့မြို့နယ် ပညာရေးမှူးက သင်တန်းဆင်းလက်မှတ်များကို သင်တန်းတက်ရောက်သူဆရာ၊ ဆရာမများထံပေးအပ်ခဲ့ပြီးနောက် အထက်တန်းအဆင့် (Grade -11)သင်ရိုးသစ်ကို ဘာသာရပ်(၁၀)မျိုးဖြင့် သင်တန်းနည်းပြ(၁၁)ဦးတို့မှ အခြေခံပညာအထက်တန်းကျောင်း(၅၇)ဦး၊ ကိုယ်ပိုင်ကျောင်းများမှ(၂၀)ဦး စုစုပေါင်း(၇၇)ဦးတို့ကို မေလ ၂၁ ရက်နေ့မှ ၂၃ ရက်အထိ သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာဦးစီးဌာနအောက်ရှိ ထက်/လယ်/မူ ကျောင်းများမှ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားကြောင်း သိရှိရသည်။


သတင်း - စိမ်းလဲ့ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment