အုတ်တွင်းမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့်( Grade-11) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့်( Grade-11) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP - မေ   ၂၁


ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ အုတ်တွင်းမြို့ နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade-11) သင်ရိုးသစ်မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်က သင်တန်းဖွင့်အမှာစ ကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်အောင်က၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းအဆင့် (Grade-11)သင်ရိုးသစ်သင်တန်း ကျင်းပရခြင်းနှင့်သင်ကြားမည့် ဆရာ/ဆရာမများ စနစ်တကျကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချနိုင်စေရန်၊ သင်ကြားသင်ယူမှု စနစ်သစ်၏ ထိရောက်မှုကို နားလည်ရန်၊ သင်ရိုးသစ်ကို ကျောင်းသား၊ ကျောင်းသူများ ကောင်းစွာလေ့လာသင်ယူနိုင်စေရန် ပြောကြားခဲ့သည်။


အဆိုပါသင်တန်းသို့  သင်တန်း (နည်းပြ) ဆရာ/ဆရာမ(၁၁)ဦး ဦးဆောင်သင်ကြား ပို့ချပေးမှာဖြစ်ပြီး မြို့နယ်အတွင်းရှိ အထက်တန်းပြဆရာ/ဆရာမ(၁၃၄)ဦး၊ လေ့လာသူ(၃၃)ဦး၊ စုစုပေါင်း(၁၆၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ(၂၁)ရက်နေ့မှ မေလ(၂၃)ရက် နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဒေါ်မာလာမြင့်ထံမှ သိရသည်။


သတင်း - ခင်ခင်မာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)