ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် Grade-11 သင်ရိုးသစ်သင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် Grade-11 သင်ရိုးသစ်သင်တန်းဖွင့်လှစ်ပို့ချ



MNP - မေ  ၂၂


ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်  Grade-11 သင်ရိုးသစ် သင်တန်းဖွင့်ပွဲကို ယနေ့  နံနက် ၉ နာရီမှ  အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ  ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်ဝေသိန်းက သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင်  မြို့နယ်အဆင့်  Grade-11 သင်ရိုးသစ် သင်တန်းသည် ပညာရေးမြှင့်တင်နိုင်ရေး၊ လက်ရှိပညာရေး နည်းစနစ်များ၊ အတွေး‌အခေါ်များ၊ တီထွင်ကြံဆနိုင်မှုများ၊ ပညာရေးကဏ္ဍသည် အရေးကြီးပါကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်သူများ မွေးထုတ်ပေးရန် လိုအပ်ကြောင်းစသည့် သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းနှင့်ပတ်သတ်၍ ပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက သင်တန်းနှင့်ပတ်သတ်၍  သင်တန်းမှ ပို့ချပေးမည့် ဘာသာရပ်များအား စနစ်တကျ လေ့လာမှတ်သား သင်ယူကြရန်နှင့် သင်တန်းတွင် လိုက်နာဆောင်ရွက်ကြရမည့် စည်းကမ်းချက်များအား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။  ထို့နောက်  ဗဟိုနည်းပြသင်တန်း တက်ရောက် သင်ယူခဲ့သော အထက(၂)မောင်တောမှ အထက်တန်းပြ ဦးအောင်ကျော်လှ  ဗဟိုနည်းပြသင်တန်းမှ  ပို့ချပေးလိုက်သည့် အတွေ့အကြုံဗဟုသုတများအား ဆွေးနွေး ရှင်းလင်းခဲ့သည်။


အဆိုပါ မြို့နယ်အဆင့်  Grade-11 သင်ရိုးသစ် သင်တန်းတွင် နည်းပြ  ၁၀ ဦး တို့က မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့် ဆရာ/ဆရာမ  ၁၁၅ ဦးတို့ကို  မြန်မာစာ၊ အင်္ဂလိပ်စာ ၊ သင်္ချာ၊ ဓာတု ဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ ၊ ဘောဂဗေဒ ၊ ပထဝီ၊ သမိုင်း ၊ လူမှုရေးသိပ္ပံ  နှင့် ကာယဘာသာရပ်များအား  မေ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ  နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)