ကျောက်ဆည်မြို့တွင် အထက်တန်းအဆင့်(Grade-11)သင်ရိုးသစ်ဘာသာရပ် ဆင့်ပွားသင်တန်းဆက်လက်သင်ကြားပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် အထက်တန်းအဆင့်(Grade-11)သင်ရိုးသစ်ဘာသာရပ် ဆင့်ပွားသင်တန်းဆက်လက်သင်ကြားပို့ချ




MNP - မေ  ၂၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အစိုးရအခြေခံပညာကျောင်း(၁၈၆)ကျောင်းရှိကြောင်းသိရပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းမျးတွင် တက်ရောက်ပညာသင်ယူသွားကြမည့် ကျောင်းသား/ကျောင်းသူများ သင်ရိုးသစ်ဘာသာရပ်များသင်ကြားရာတွင် ပိုမိုထိရောက် အောင်မြင်စေရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်ခန့်က အမှတ်(၁)အခြခံပညာအထက်တန်းကျောင်းတွင် အထက်တန်းအဆင့် (Grade-11)သင်ရိုးသစ်ဆင့်ပွား သင်တန်း ဆက်လက်သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် သင်တန်းမှူး(၁)ဦးနှင့်ကြီးကြပ်(၂)ဦး၊ သင်တန်းနည်းပြ(၁၄)ဦးမှ (Grade-11)  သင်ရိုးသစ် ဘာသာရပ်များသင်ကြားမည့် ဆရာ/ဆရာမ (၁၉၁)ဦးအား ဘာသာရပ်သင်ဆင့်ပွားသင်တန်း ဆက်လက်ပို့ချ သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ မေ(၂၁)ရက်မှမေ(၂၃)ရက်နေ့ အထိ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းတွင်(Grade-11) သင်ရိုးသစ်ဘာသာရပ်များဖြစ်သည့် မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ သင်္ချာဘာသာရပ်၊ ဓာတုဗေဒဘာသာရပ်၊ ရူပဗေဒဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်၊ ပထဝီဘာသာရပ်၊ သမိုင်းဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်၊ စာရိတ္တနှင့်ကာယ ပညာဘာသာရပ်များ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် မူလတန်းကျောင်း-ခွဲ(၁)၊မူလတန်းကျောင်း(၁၂၉)၊ မူလတန်းလွန်ကျောင်း (၂၆)ကျောင်း၊ အလယ်တန်း(၈)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၂)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၉)ကျောင်း၊ အထက်တန်းကျောင်း(၁၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁)ကျောင်းနှင့် အထက် တန်းကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း(၁၁)ကျောင်း၊ မူလတန်းလွန်ကျောင်း(၆)ကျောင်းနှင့် အလယ်တန်းကျောင်း(၁) ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)