ကျောက်တန်းမြို့နယ်တွင် မြို့နယ်အဆင့် Grade 8 သင်ရိုးသစ် Face to Face ဆင့်ပွားသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်တွင် မြို့နယ်အဆင့် Grade 8 သင်ရိုးသစ် Face to Face ဆင့်ပွားသင်တန်း ဖွင့်လှစ်

 


MNP - မေ   ၁၇


နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမ များ၏ အခန်းကဏ္ဍသည် အဓိကသော့ချက် ဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ကျောက်တန်းမြို့နယ်ရှိ ကျောင်းများရှိ ဆရာ၊ ဆရာမများအား Grade 8 သင်ရိုးသစ်အား မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို မြို့မအခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၈) နာရီက စတင်ကာ ပို့ချပေးလျက်ရှိပါသည်။


ရှေးဦးစွာ ကျောက်တန်းမြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာ အလယ်တန်းအဆင့် Grade 8 သင်ရိုးသစ်အား အခြေခံပညာကျောင်းများမှ မြို့နယ်အဆင့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၂၁၇) ဦး တက်ရောက်ကြပြီး မြန်မာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီ၊ သမိုင်း စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ်တို့အား မေလ (၁၆) ရက် နေ့မှ (၁၈)ရက်နေ့ အထိ (၃)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)