MNP - မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများအား GRADE-8 သင်ရိုးသစ် သင်တန်းပါ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၏ basic concept များကို ပိုမိုသိရှိနားလည် အသုံးပြု သင်ကြားနိုင်ရန်နှင့် ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန် အသစ်များ၏ ဖွဲ့စည်းပုံနှင့်အသုံးပြုပုံများကို နားလည် သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ခင်စမ်းရီက “ ယနေ့သင်တန်းဟာဆိုရင် မြို့နယ်အတွင်းရှိ အလယ်တန်းသင် ဆရာ/ ဆရာမများ၏ သင်ကြားရေးစွမ်းရည်များ မြင့်မားတိုးတက်စေရေးအတွက် အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် GRADE-8 တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းတွင် တာမွေမြို့နယ်မှ တက် ရောက်ခဲ့သည့် နည်းပြဆရာများမှ GRADE-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ပြန်လည် ဖွင့်လှစ်ပို့ချ ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသို့ တက်ရောက်လာသူ ဆရာ/ ဆရာမများအနေဖြင့် ကျောင်းသား/သူများအား တစ်ဆင့် ပြန်လည်သင်ကြားရာတွင် ရိုးရှင်းပြီး လွယ်ကူသော နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးစေလို ပါကြောင်း ” စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ သင်တန်းသား/သူ ဆရာ/ဆရာမများ စုစုပေါင်း (၉၇)ဦးကို ၂၀၂၂-ခုနှစ် မေ(၁၆)ရက်နေ့မှ မေ(၁၉)ရက်နေ့အထိ GRADE-8 သင်ရိုးသစ်လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီ၊သမိုင်းနှင့် စာရိတ္တနှင့် ပြည်သူ့နီတိ ပညာရပ်တို့ကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ပြန်လည်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများ၏ သင်ကြား၊ သင်ယူမှု အရည်အသွေး မြင့်မားပြီး အရည်အချင်းရှိသည့် ပညာရေးတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
သတင်း - နိုင်လင်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment